ဂျကာတာ  စက်တင်ဘာ  ၂၁

အင်ဒိုနီးရှားအစိုးရသည် ယခုနှစ်အတွင်း ကျေးရွာသမဝါယမ အသင်း ၂၀၀၀၀ ကို ထောက်ပံ့ငွေပေးမည်ဖြစ်ကြောင်း သမဝါယမဝန်ကြီး ဖယ်ရီ ဂျူလီယန်တိုနိုက ပြောကြားသည်။

နိုင်ငံအတွင်းဇူလိုင်လက ကျေးရွာသမဝါယမအသင်း ၈၀၀၀၀ ကို တည်ထောင်ခဲ့ကာ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။

သမဝါယမအသင်းတစ်ခုချင်းအတွက်  မတည်ငွေ ရူပီးယား  ၃ ဘီလီယံကို ပေးအပ်ကာ  ယင်းမတည်ငွေသည် သမဝါယမအသင်းများအတွက် သိုလှောင်ရုံများတည်ထောင်ခြင်း၊ ထရပ်ကားဝယ်ယူခြင်းနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုရန်ဖြစ်ကြောင်း သိရသည်။

အစိုးရသည် လက်ရှိအချိန်တွင် သမဝါယမအသင်းများအတွက် မတည်ငွေများပေးအပ်နိုင်ရန်အတွက် စည်းမျဉ်းများရေးဆွဲနေကြောင်း ၎င်းက ပြောကြားသည်။  

လက်ရှိအချိန်တွင် မတည်ငွေများရရှိရန်အတွက် သမဝါယမအသင်း ၁၀၆၄ ခုက နိုင်ငံပိုင်ဘဏ်သို့ အဆိုပြုလွှာများတင်ခဲ့ကြောင်း  သိရသည်။                              

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ