ဂျကာတာ   နိုဝင်ဘာ   ၂၆

အင်ဒိုနီးရှားနိုင်ငံ လေဆိပ်များရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် ခရီးသည်များရပ်တန့်၍ စစ်ဆေးခံရန် မလိုအပ်သည့်  biometric “seamless corridor” system ဟုအမည်ရသည့် စနစ်တစ်ခုကို ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။

ညဏ်ရည်တုနည်းပညာ အသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုဆောင်ရွက်ချက်သည် နိုင်ငံအတွင်းဆောင်ရွက်နေသည့် အောလ်အင်ဒိုနီးရှား အစီအစဉ်၏ ကဏ္ဍတစ်ခုဖြစ်ကာ နိုင်ငံအတွင်း ရောက်ရှိလာသည့်    နိုင်ငံတကာခရီးသည်များ၏    ပြည်ဝင်ခွင့် ဆိုင်ရာကိစ္စရပ်များကို    လွယ်ကူစေမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျကာတာလေဆိပ်၌ ၎င်းစင်္ကြံနှစ်ခုကို တည်ထောင်ထားကာ  တတိယင်္ကြံကို ဆူရာဗာယာလေဆိပ်တွင် တည်ထောင်မည်ဖြစ်သည်။ ၎င်းစင်္ကြံများ၏ လုပ်ငန်းဆောင်ရွက်ချက် ပထမအဆင့်တွင် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအား ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကာ   ဖြတ်သန်းခွင့်ကို အောလ်အင်ဒိုနီးရှား အက်ပလီကေးရှင်းမှတစ်ဆင့် မှတ်ပုံတင်ရမည်ဖြစ်သည်။ ယခု ဆောင်ရွက်သည့်စနစ်သည် ခရီးသည်များအား စာရွက်စာတန်းလိုအပ်ချက်နှင့်  တန်းစီစောင့်ဆိုင်းရသည့်စနစ်ကို လွန်မြောက်စေမည်ဖြစ်သည်။

ကိုးကား - VN  Express

ဘာသာပြန် - စိုးသူရ