ဂျကာတာ ဒီဇင်ဘာ ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် ပြည်ပမှ လောင်စာဆီတင်သွင်းနေရမှုကို လျှော့ချရန်အတွက် နိုင်ငံအတွင်းရှိ ရေနံတွင်းဟောင်းများမှ ရေနံပြန်လည်ထုတ်ယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စွမ်းအင်နှင့် သတ္တု အရင်းအမြစ်ဆိုင်ရာ ဝန်ကြီး ဗာဟေးလာဟာ ဒါလီယာက ယမန်နေ့တွင်ပြောကြားသည်။ နိုင်ငံအတွင်း ရေနံတွင်း ၁၆၉၉၀ ရှိသည့်အနက် ၄၄၉၅ တွင်းတွင် ရေနံထုတ်ယူနိုင်သည့် အလားအလာများ တွေ့ရှိရပြီး ၄၉၉၃ တွင်းတွင် လုံးဝ ထုတ်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။
နည်းပညာပံ့ပိုးပေးမည်ဆိုပါက ရေနံတွင်းဟောင်းများမှ တစ်နေ့လျှင် ရေနံစည် ၁ ဒသမ ၅ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု ၎င်းက ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် ၁၉၉၇ ခုနှစ်က တစ်နေ့လျှင် ရေနံစည် ၁ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရေနံတင်သွင်းရန် တစ်နှစ်လျှင် ရူပီးယား ၅၀၀ ထရီလီယံကို အစိုးရက ခွင့်ပြုထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


