ဂျကာတာ ဩဂုတ် ၃၁
အင်ဒိုနီးရှားပြည်သူများက အစိုးရ၏ စီးပွားရေးမူဝါဒအပေါ် ကျေနပ်မှုမရှိသည့်အတွက် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်ခဲ့ပြီး လက်ရှိတွင် အင်အားပိုမိုကြီးထွားလာ ကြောင်း သိရသည်။
လွှတ်တော်အမတ်များကိုပေးသည့် လစာနှုန်းနှင့် အကျိုးခံစားခွင့်များပြားခြင်းအပါအဝင် နိုင်ငံ၏ စီးပွားရေးမူဝါဒအပေါ် ပြည်သူများက ဆန္ဒထုတ်ဖော်လျက်ရှိသည်။
ဩဂုတ် ၂၈ ရက်တွင် ရဲတပ်ဖွဲ့၏ သံချပ်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တို့တိုက်မိခဲ့ရာ မော်တော်ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှု အရှိန်ပိုမိုမြင့်တက်လာခဲ့သည်။
တောင်ဆူလာဝေစီပြည်နယ် မြို့တော် မကာဆာတွင် ဩဂုတ် ၂၉ ရက်က ဒေသဆိုင်ရာပါလီမန် အဆောက်အအုံ မီးလောင်ခဲ့ရာ အနည်းဆုံးလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက သတင်းဖော်ပြသည်။
အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို မီးရှို့ခြင်းနှင့် အခြားသော အဖျက်လုပ်ရပ်များကို မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိ ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုက နိုင်ငံ၏ပြည်တွင်းအရေးကိစ္စရပ်များကြောင့် တရုတ် နိုင်ငံသို့သွားရောက်မည့် ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းရန် ယမန်နေ့က ကြေညာခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


