အင်္ဂပူ ၁၄ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် နန်ကသူရေလှောင်တမံမှ နန်ကသူ ဆည်ရေဖြင့်နွေစပါး(၅၂၀ဝ)ဧကကို စိုက်ပျိုးရန်လျာထားပြီး ကွင်းကောက် ဒေသ အတွင်းရှိကျေးရွာအုပ်စု(၁၄)အုပ်စုကို စိုက်ပျိုးရေများပေးဝေ လျှက်ရှိကြောင်း သိရသည်။

 

0.02

 

နန်ကသူရေလှောင်တမံမှ တူးမြောင်းမကြီး(အလျား၂၃၃မိုင်)၊လက်ယာမြောင်း(အလျား၅ ဒသမ ၁၁မိုင်)လက်ဝဲမြောင်း (အလျား၇ ဒသမ ၅၇မိုင်)၊ လက်တံမြောင်းခွဲများဖြင့် ဒီဇင်ဘာ၂၅ရက်မှစတင်ပြီးစိုက်ပျိုးရေများပေးဝေလျှက်ရှိကြောင်းသိရသည်။

 

00.3.

 

ယခုနှစ်နွေစပါးစိုက်ပျိုးရာသီအမီ တူးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ နွေစပါး စိုက်ပျိုးရေလုံလောက်အောင်ရရှိရေးတို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းဘောင်များပြုပြင်ခြင်းနှင့် ရေပေးအဆောက်အဦများ  ပြုပြင် ထိန်းသိန်းခြင်းလုပ်ငန်းများကို  စက်အင်အား၊လူအင်အားများ အသုံးပြုကာ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျှက်ရှိကြောင်း အင်္ဂပူမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

 

နန်ကသူဆည်ရေသောက်စနစ်အတွင်းရှိ ရေပေးတူးမြောင်းများနှင့် တူးမြောင်း အဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဌာနအနေဖြင့် နှစ်စဉ် အင်တိုက်အားတိုက်နှစ်စဉ်ဆောင်ရွက်လျှက်ရှိသောကြောင့် ယခင်နှစ်က နွေစပါး စိုက်ပျိုးရာသီတွင်လျာထား ဧက (၅၂၀ဝ)   ထက်ကျောက်လွန်ပြီး   (၅၉၄၈)ဧကအထိ  တိုးတက်စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်လည်းတောင်သူများအနေဖြင့်နွေစပါးစိုက်ပျိုးရာသီတွင်လည်းနွေစပါးကိုစိတ်အားထက်သန်စွာတိုးတက်စိုက်ပျိုးလာသောကြောင့်ယခင်နှစ်များထက် နွေစပါးစိုက်ပျိုးဧကများ တိုးတက်လာနိုင်ဖြစ်ကြောင်းသိရသည်။

 

မန်းကျော်(ပြန်/ဆက်)