အင်တာမီလန်အသင်းနဲ့ လာဇီယိုအသင်းတို့ နိုဝင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီး အေပွဲစဉ်(၁၁)မှာ အင်တာမီလန်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၃ မိနစ်မှာ လော်တာရို မာတီနက်ဇ်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်မှာ ဘွန်နီကတစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။   

အခုပွဲစဉ်မှာ အင်တာမီလန်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ လော်တာရိုမာတီနက်ဇ် ဟာ အောက်တိုဘာ ၄ ရက်နောက်ပိုင်း အင်တာမီလန်အသင်းအတွက်   ပထမဆုံး ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လာဇီယိုအသင်းကို   အနိုင်ရရှိခဲ့ပြီးနောက်  အီတလီစီးရီးအေပွဲစဉ် သုံးပွဲဆက် အနိုင်ရရှိခဲ့ပြီဖြစ်တဲ့အပြင် ပွဲစဉ်(၁၁)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေး ဇယား ဒုတိယနေရာက ရိုးမားအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

လာဇီယိုအသင်းကတော့   အီတလီစီးရီးအေပွဲစဉ်(၁၁)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပွဲစဉ်(၁၁) မတိုင်မီ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ နာပိုလီအသင်းကတော့ ဘိုလော့ဂ်နာအသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၁၁)အပြီးမှာ ရမှတ် ၂၂ မှတ်သာ စုဆောင်းနိုင်ခဲ့လို့ အမှတ်ပေးဇယားအဆင့်(၄)နေရာ ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။   

ငွေကြယ်