အင်တာမိုင်ယာမီအသင်းနဲ့ ဗန်ကူးဗားဝှိုက်ကပ်စ်အသင်းတို့ ဒီဇင်ဘာ ၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ခုနှစ် မေဂျာလိဂ်ဖလား ဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီအသင်းက သုံးဂိုး- တစ်ဂိုးနဲ့ အနိုင်ရပြီး မေဂျာလိဂ်ဖလားကို   ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၈ မိနစ်မှာ ဗန်ကူးဗားဝှိုက်ကပ်စ်   ကစားသမား အိုကမ်ပိုက  ကိုယ့်ဂိုးကိုယ် သွင်းမိသလိုဖြစ်ခဲ့တဲ့သွင်းဂိုး၊ ၇၁ မိနစ်မှာ ဒီပေါလ်ရဲ့သွင်းဂိုး၊ မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၆ မိနစ် မှာ အယ်လန်ဒီတို့က သွင်းယူပေးခဲ့ပြီး ဗန်ကူးဗားဝှိုက်ကပ်စ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်းပွဲ ကစားချိန် မိနစ် ၆၀ မှာ အာမက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းအနေနဲ့  မေဂျာလိဂ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ငါးနှစ်အကြာဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ   မေဂျာလိဂ်ဖလားကို စတင်ဆွတ်ခူးနိုင်ခဲ့တာ   ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၃ ခုနှစ် နွေရာသီက တိုက်စစ်မှူး   မက်ဆီရောက်ရှိလာခဲ့ပြီး နောက်ပိုင်း ဆုဖလားအများအပြား ဆွတ်ခူးခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၃ ခုနှစ်က   Leagues Cup၊ ၂၀၂၄ ခုနှစ်က   Supporters’ Shieldနဲ့ ယခုနှစ်မှာ Eastern Conference ဖလားနဲ့ မေဂျာလိဂ်ဖလားတွေကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။                        

ငွေကြယ်