အောက်တိုဘာ ၂၇

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီး သီတင်းနှစ်ပတ်ကြာမြင့်ပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်အရ သဘောတူညီထားသော ထောက်ပံ့ပစ္စည်း ခန့်မှန်းပမာဏ၏ ၁၅ ရာခိုင်နှုန်းခန့်သာရှိသောကြောင့် ဒေသခံများက အကူအညီပစ္စည်းများ ပိုမိုလိုအပ်ကြောင်း တောင်းဆိုလျက်ရှိသည်ဟု သိရသည်။

ဒေသတွင်းရှိ အစ္စရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများအတွက် လက်စားချေသည့်အနေဖြင့် အစ္စရေးက ဟားမတ်စ်စခန်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ဂါဇာဒေသတွင် မတည်ငြိမ်သော အခြေအနေများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

အစ္စရေးတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန်စီစဉ်ထားသောအကြမ်းဖက်သမားတစ်ဦးကို ပစ်မှတ်ထားကာ ဂါဇာကမ်းမြောင်ရှိ နူဆီရတ်တွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီးတွင် ဒုက္ခသည်စခန်းတစ်ခု၌ လူလေးဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာတာအခြေစိုက် အယ်လ်ဂျာဇီးရားရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ဂါဇာဒေသတွင် ငတ်မွတ်ခေါင်းပါးမှု ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းနှင့် မြောက်ပိုင်းဂါဇာရှိ ဂါဇာဒေသမြောက်ပိုင်းရှိ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတည်ထောင်ထားသော အကူအညီပေးရေး ဖြန့်ဖြူးရေးနေရာတစ်ခုတွင် ဆန်နှင့်ပဲစေ့များ ရရှိနေသော ဒေသခံများကို  အင်န်အိတ်ချ်ကေရုံးဝန်ထမ်းတစ်ဦးက မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။

အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက်ပိုင်း ဂါဇာဒေသသို့ နေ့စဉ်ဝင်ရောက်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးထရပ်ကား ပျမ်းမျှအရေအတွက်ဟာ ၈၉ စီးရှိကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားသည်။

ထိုထရပ်ကားဝင်ရောက်မှုသည် စက်တင်ဘာလကထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားသော်လည်း သဘောတူညီချက်စည်းကမ်းချက်များအရ ထရပ်ကား ၆၀၀ နေ့စဉ်ဝင်ရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို