နေပြည်တော် ၂၃ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ မူးယစ်ပြတိုက် အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၂)ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးအုပ်စိုးထွန်း၊ မူးယစ်ပြတိုက် တာဝန်ခံဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများနှင့် အခြားဖိတ်ကြားထားသူများ၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးအုပ်စိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြိုင်ပွဲများကျင်းပရေးအတွက် ဆုရွေးချယ်ရေး အဖွဲ့များဖွဲ့စည်းခြင်း၊ ပြိုင်ပွဲဆောင်ပုဒ်များရွေးချယ်ခြင်း၊ ဆုအမျိုးအစားနှင့် အရေအတွက်များ သတ်မှတ်ခြင်း၊ စာမူနှင့် လက်ရာများပေးပို့ရန် နေ့ရက်များနှင့် အကဲဖြတ်နေ့ရက်များ သတ်မှတ်ခြင်း၊ ပြိုင်ပွဲဖိတ်ခေါ် စည်းကမ်းချက်များ သတ်မှတ်ခြင်းတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN


