စက်တင်ဘာ ၈

 

ဂျပန်နိုင်ငံအရှေ့ပိုင်း ရှီဇူအိုကာပြည်နယ်တွင် အပူပိုင်းမုန်တိုင်း Peipah ကြောင့် လေပြင်းများတိုက်ခတ်ခဲ့ရာ လူ ၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၃၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ပြင်းထန်သောအပူဒဏ်မှကာကွယ်ရန် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။

 

အဆိုပါပြည်နယ်အတွင်း စက်တင်ဘာ ၅ ရက်က မုန်တိုင်းဝင်ရောက်လာချိန်တွင် မိုးတိမ်များဖုံးလွှမ်းသွားကာ ယိုရှီဒါမြို့အပြင် ယာအိဇူ၊ ကာကဲဂါဝါနှင့် မာကီနိုဟာရာမြို့လေးခုတွင် ရုတ်တရက် လေပြင်းများတိုက်ခတ်ခဲ့ကြောင်း သိရသည်။

 

မာကီနိုဟာရာမြို့သည် ထိခိုက်မှုအပြင်းထန်ဆုံးဖြစ်ပြီး  လူလေးဦးပြင်းထန်စွာ ဒဏ်ရာရရှိကာ အခြား   ၂၀ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၅၆ လုံး  ဆိုးရွားစွာပျက်စီးခဲ့ပြီး အခြား နေအိမ် ၃၁၆ လုံး အနည်းငယ် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

 

ရှီဇူအိုကာဒေသခံများ  ဓါတ်အားပြတ်တောက်မှုနှင့်ကြုံတွေ့ရပြီး မာကီနိုဟာရာမြို့နှင့် ယိုရှီဒါမြို့တို့အပြင် ရှီဇူအိုကာဒေသခံများလည်း ဓါတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

 

မိုးလေဝသတာဝန်ရှိသူများက လေပြင်းများတိုက်ခတ်ပြီးနောက် သန့်ရှင်းရေးများ ပြုလုပ်ခြင်းတို့အပါအဝင် ပြင်ပလှုပ်ရှားသွားလာစဉ်အတွင်း ဓါတ်ဆားရည်များသောက်သုံးရန်နှင့် မကြာခဏအနားယူရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို