ကိုင်ရို စက်တင်ဘာ ၁၄
အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်တစ်ခုထူထောင်ရေး အီဂျစ်က တောင်းဆိုခဲ့ကြောင်း သိရသည်။
လာမည့်သီတင်းပတ်တွင်ဗီယင်နာမြို့၌ကျင်းပမည့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံများအား နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အီဂျစ်ကတောင်းဆိုမည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ စာချုပ်အား လိုက်နာဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများကြား ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်မည်ဖြစ်ကာ ဒေသတွင်းတင်းမာမှုများကိုလျှော့ချနိုင်မည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားသည်။ အရှေ့အလယ်ပိုင်းအား နျူကလီးယားနှင့် အစုလိုက်အပြုံလိုက်သေစေနိုင်သည့် လက်နက်များကင်းမဲ့စေရေးဆောင်ရွက်ခြင်းသည် ဒေသတွင်းနှင့်နိုင်ငံတကာ တည်ငြိမ်ရေးနှင့် လုံခြုံရေးရရှိစေရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဟု ၎င်းဝန်ကြီးဌာနက ပြောကြားသည်။ နျူကလီးယားလက်နက်များမပြန့်ပွားရေးအတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရေး အီဂျစ်ကတောင်းဆိုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


