နေပြည်တော်      ဒီဇင်ဘာ      ၁၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ   အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု C ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် မြန်မာယူ ၂၂ အမျိုးသားဘောလုံးအသင်းနှင့်   အင်ဒိုနီးရှားယူ  ၂၂  အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD Channel၊ MRTV Entertainment Channel၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။                                    

သတင်းစဉ်