မြစ်ကြီးနား ၂၀ ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်အတွက် တရားဝင် ခွင့်ပြုမိန့်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒုတိယအကြိမ် အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်ကို တရားဝင် ခွင့်ပြုပေးခြင်းဖြစ်ပြီး ယနေ့ ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် ခွင့်ပြုထားသည့်အတိုင်း ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားပြီး ပြည်နယ်ဝန်ကြီးက မြို့နယ် (၆)မြို့နယ်အတွင်းရှိ အသေးစား ရွှေလုပ်ကွက် (၅၈)ကွက်နှင့် လက်လုပ်လက် စားလုပ်ကွက် (၂)ကွက်တို့ကို လုပ်ကိုင်ခွင့်ရရှိသည့် လုပ်ငန်းရှင်များထံ ခွင့်ပြုမိန့်များ ပေးအပ်ခဲ့သည်။

 

ယနေ့ ခွင့်ပြုလိုက်သည့် အသေးစားရွှေလုပ်ကွက် (၅၈)ကွက်နှင့် လက်လုပ်လက်စားလုပ်ကွက် (၂) ကွက်တို့သည် ပြည်နယ်အတွင်း ဝိုင်းမော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ မိုးမောက်၊ ရွှေကူမြို့နယ်များနှင့် ရှင်ဗွေယန်မြို့တို့တွင်ရှိပြီး ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီ (၁၈)ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီများအနေဖြင့် ပထမကာလတွင် ၅ နှစ်၊ ဒုတိယကာလတွင် ၅ နှစ် စုစုပေါင်း လုပ်ကိုင်ခွင့်သက်တမ်း ၁၀ နှစ်ထိ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ခွင့်ပြုမိန့်များကို ကချင်ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

MDN