သာယာဝတီ ၁၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၉ နာရီက မြောက်ပန်းဆွဲကျေးရွာအုပ်စု ကွမ်းခြံစုကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ သုံးဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဉာဏ်ဝင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ပြီး အဆိုပါ သင်တန်းတွင် သင်တန်းသူ ၂၈ ဦးကို သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


