နယူးယောက်  နိုဝင်ဘာ  ၂၆

ကုလသမဂ္ဂသည် နောက်တက်မည့် အတွင်းရေးမှူးချုပ်အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေပြီး အဆိုပါ  ထိပ်တန်းရာထူးနေရာအတွက် အမျိုးသမီးများအား အမည်စာရင်းတင်သွင်းကြရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။

လက်ရှိ  အတွင်းရေးမှူးချုပ်  အန်တိုနီယို  ဂူတာရက်စ်သည် ၎င်း၏ ဒုတိယငါးနှစ်သက်တမ်းကုန်ဆုံးမည့်   ၂၀၂၆  ခုနှစ်ကုန်တွင်  ရာထူးမှ အနားယူတော့မည်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ အန်နာလီနာဘာ  ဘော့ခ်နှင့်  ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ  မိုက်ကယ်အင်မ်ရန်ကနူး တို့သည် ဂူတာရက်စ်၏ နေရာဆက်ခံမည့်သူကို ရွေးချယ်ရန် လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ပူးတွဲထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်လောင်းများသည် ကောင်းမွန်သော သံတမန်ဆက်ဆံရေးနှင့် ဘာသာစကားကျွမ်းကျင်မှုများအပြင် အခြားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင်  အတွင်းရေးမှူးချုပ် ရာထူးကို အမျိုးသမီးများ ထမ်းဆောင်ဖူးခြင်းမရှိသေးသည့်အတွက် နောင်တရမိကြောင်း ဖော်ပြထားပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းများ  အမည်စာရင်းတင်သွင်းခြင်းကို အလေးအနက်ထားစဉ်းစားရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။                                     

အင်န်အိတ်ချ်ကေ