ကျိုက်မရော ၁၇ ဖေဖော်ဝါရီ
ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူးတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် လယ်ယာမြေလျော်ကြေး ပေးအပ်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အခမ်အနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အတ္တရံမြစ်ကူး(စံပါယ်ဂူ)တံတား စီမံကိန်း စတင်နေပြီဖြစ်ရာ ချဉ်းကပ်လမ်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် လျော်ကြေးငွေပေးနိုင်ရေး တွေ့ဆုံရသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ဆောင်လုပ်ရေးအင်ဂျင်နီယာက အဆိုပါ တံတားချဉ်းကပ်လမ်းအား နယ်နမိတ်အကျယ် ၂၃၀ ပေ သတ်မှတ်လျာထားပြီးဖြစ်၍ ကွင်းဆင်းတိုင်းတာချက်အရ လယ်မြေဧက (၅၃ ဒသမ ၄၆)ဧကအား လျော်ကြေးပေး ရမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေကို အစိုးရအဖွဲ့သို့ တွက်ချက်တင်တောင်းပြီး ပေးလျော်သွားမည်ဖြစ်ကြောင်း ဆွေးနွေးရာ တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးဖြစ်သည့်အတွက် ကန့်ကွက်မှုမရှိဘဲ သဘောတူ လက်ခံကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ခရိုင်ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN


