အုတ်ဖို ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၆) စက်မှုလယ်ယာစခန်းတွင် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ထောက်ပံ့ပေးအပ်
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းက အမှာစကားပြောကြားပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းပို့ချမည့် အစီအစဉ်နှင့် သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
သင်တန်းတွင် သင်တန်းသား ၂၅ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလကို နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


