အုတ်တွင်း ဒီဇင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်​​ရေး၊ နိုင်ငံသားတိုင်း မဲ​​ပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲလှုံ့ဆော်မှု “ဒို့အတူတူ မဲပေးကြ မယ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၂ ရက်က မြို့ပေါ် ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရားအနီးနှင့် လူစည်ကားရာ မြို့မစျေးကြီးနေရာ၌ ပြုလုပ်သည်။

 

ပါဝင်ဆောင်ရွက်

အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် ​​မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်​ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်အသင်းအဖွဲ့ အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)