ဘားအံ  ၂၁ ဖေဖော်ဝါရီ


ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ကျောင်းသားအရွယ် ကလေးငယ်များ ဉာဏ္ဏစွမ်းရည် ဖွံ့ဖြိုးစေရေး၊ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထာရှိပြီး စိတ်ကူးစိတ်သန်များ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် နွေရာသီ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ဘာအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည်။


သင်တန်းဖွင့်ပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ပန်းချီဆရာ ဦးထွန်းဝင်းက သင်တန်း စည်းမျဉ်း စည်းကမ်းများနှင့် ပို့ချပေးမည့် အခြေခံ ပန်းချီပညာဆိုင်ရာများအား 
 ရှင်းလင်းပြောကြားသည်။


အဆိုပါ ပန်းချီသင်တန်းတွင် ဘားအံမြို့ပေါ်ရှိ နွေရာသီ ကျောင်းပိတ်ခဲ့ကြသည့် (၄)တန်း၊ (၅)တန်း၊ (၆)တန်း၊ (၇)တန်းအရွယ် ကျောင်းသား/ ကျောင်းသူ(၅၀)ဦး တက်ရောက်ကြပြီး ပန်းချီသင်တန်းနည်ပြများက အခြေခံမျဉ်းများ အကြောင်း၊ရှုမျှော်ခင်းရေးဆွဲနည်း၊ သက်ငြိမ်အရာဝတ္တုမူပုံ၊ လူပုံရေးဆွဲနည်းများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ်လ ၂၁ ရက် ကာလအတွင်း  တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်အတွင်း ဖွင့်လှစ်သင်ကြား ပေးကာ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သွားမည့်အပြင် သင်တန်းစမ်းစစ်မှုအနေဖြင့် သင်တန်းမဆင်ခင် တစ်ပတ်အလိုတွင် ပြိုင်ပွဲပြုလုပ်ပေးပြီး ထူးချွန်သူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


MDN

 

123