ဘားအံ ဒီဇင်ဘာ ၁
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက် များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်က ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိ နေပြီဖြစ်သည့်အတွက် လအလိုက် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု Hotspots အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးသူရက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးစိုးအေး(ပြန်/ဆက်)


