ဘားအံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဆောင်းရာသီဘော်လီဘောပြိုင်ပွဲကို ဘားအံတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးအဖွဲ့ ၁၀ ဖွဲ့ အားကစားသမား ၁၀၀ ဖြင့် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


