ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ အဲလ်ချီအသင်းကို အနိုင်ရပြီးနောက်  စပိန်လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ငါးမှတ်ကွာအနေအထားကို    ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။    

ဘာစီလိုနာအသင်းဟာ နိုဝင်ဘာ ၃ ရက်က အဲလ်ချီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့   အဲလ်ချီအသင်းကို အနိုင်ရရှိခဲ့တာကြောင့်  လာလီဂါပွဲစဉ်(၁၁)အပြီးမှာ ရမှတ်  ၂၅ မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာတက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်အသင်းကတော့  စပိန်လာလီဂါပွဲစဉ်(၁၁)အပြီးမှာ ရမှတ် ၃၀ ရရှိထားကာ ဇယားထိပ်မှာ  ဦးဆောင်နေတာဖြစ်ပါတယ်။ လာလီဂါအမှတ်ပေးဇယားရဲ့ တတိယနေရာနဲ့ စတုတ္ထနေရာတို့မှာတော့ ဗီလာရီးယဲလ်အသင်းနဲ့  အက်သလက်တီကိုမက်ဒရစ် အသင်းတို့က အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

အဲလ်ချီအသင်းကတော့  ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိအချိန်မှာ စပိန်လာလီဂါအမှတ်ပေးဇယား အဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်