ဝါရှင်တန်  စက်တင်ဘာ  ၂၁

ဘာဂရမ်လေတပ်စခန်းကို ပြန်မပေးပါက ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၀  ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

အကယ်၍ အာဖဂန်နစ္စတန်နိုင်ငံက ဘာဂရမ်လေတပ် အခြေစိုက်စခန်းကို   တည်ဆောက်သူဖြစ်သည့်   အမေရိကန်ထံ ပြန်မပေးခဲ့ပါက ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု ထရမ့်က ၎င်း၏ Truth Social  အကောင့်တွင် ရေးသားခဲ့သည်။ ကဘူးလ်မြို့မှ မြောက်ဘက်ကီလို မီတာ ၅၀ ခန့်အကွာရှိ ဘာဂရမ်လေတပ်စခန်းသည် အာဖဂန်နစ္စတန်စစ်ပွဲအတွင်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ အဓိကစခန်းချရာ နေရာဖြစ်ခဲ့သည်။

 ၂၀၂၁ ခုနှစ် အမေရိကန်များ ဆုတ်ခွာသွားပြီးနောက် တာလီဘန်တို့က ယင်းစခန်းကို ထိန်းချုပ်ခဲ့သည်။ ထရမ့်၏ ဗြိတိန်သို့ လတ်တလောခရီးစဉ်အတွင်း ဘာဂရမ်လေတပ်အခြေစိုက်စခန်းကို  ပြန်လည်ရယူရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။

လေတပ်စခန်း ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဖဂန်နစ္စတန်နှင့် ဆွေးနွေးနေသည်ဟု   စက်တင်ဘာ   ၂၀   ရက်တွင်   ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။  

ဆင်ဟွာ