ကဘူးလ်   အောက်တိုဘာ  ၁၂

ဘာဂရမ်လေတပ်စခန်းနှင့် ပတ်သက်၍     အမေရိကန်နှင့် သဘောတူညီချက်ယူထားသည်ဟူသော သတင်းများကို အာဖဂန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘိုင် ဟူလာမူဂျာဟစ်က ပယ်ချခဲ့သည်။ 

အာဖဂန်သည်   ၎င်းတို့မြေကို မည်သည့်နိုင်ငံကိုမျှပေးမည်မဟုတ်ဟု  ဆက်ပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံနှင့် နိုင်ငံသားတို့၏  ဆန္ဒပင်ဖြစ်သည်ဟု  အောက်တိုဘာ   ၁၂   ရက်တွင် ၎င်းက   သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘာဂရမ်   လေတပ်စခန်းကို အမေရိကန်သမ္မတ ထရမ့်က ပြန်လည်ရယူပြီး အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမည်ဟု သတင်းများထွက်ပေါ်လာချိန် အာဖဂန်အစိုးရက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကဘူးလ်မြို့ မြောက်ဘက် ကီလိုမီတာ၅၀ အကွာရှိ ဘာဂရမ်လေတပ်စခန်းသည် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ  အာဖဂန်နစ္စတန်တွင်ရှိစဉ်   အသုံးပြုခဲ့သည့်စခန်းဖြစ်သည်။  ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း အာဖဂန်နစ္စတန်မှ  နိုင်ငံခြားတပ်များ  ဆုတ်ခွာစဉ် အဆိုပါစခန်းကို   အသုံးပြုမှုအဆုံးသတ်ခဲ့သည်။     

ဆင်ဟွာ