နတ်မောက်   ၂၇  ဖေဖော်ဝါရီ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မကွေး တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက မြို့ပေါ်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များနှင့် မုန့်လုပ်ငန်းတိုက်များအား ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများရောင်းချမှုနှင့် မုန့်တိုက်များအား လုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှုရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့သည်။

 

123


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးသန်းဇော်ဝင်းတို့က မြို့ပေါ်ရှိ မုန့်မျိုးစုံရောင်းချသည့် ဆိုင်များအား သက်တမ်းလွန် မုန့်များ၊ မှိုတက်ပျက်စီးနေသော စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိ နှင့် မုန့်လုပ်သည့် မုန့်တိုက်များအား လုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှု ရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်၍ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက    အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သော အချက်အလက်များနှင့် မုန့်တိုက်များအား လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည့် လက်ကမ်းစာစောင်းကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


လှဝင်း(နတ်မောက်)

 

123