လာပတ်စ် အောက်တိုဘာ ၂၀
အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ဘိုလီဗီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် လစ်ဘရယ်ဝါဒီဖြစ်သူ ရိုဒရီဂိုပတ်စ်ပီရီရာက အနိုင်ရရှိခဲ့ကြောင်း ဘိုလီဗီးယား ရွေးကောက်ပွဲဆိုင်ရာ ခုံရုံး၏ မဲရေတွက်မှုများအရ သိရသည်။
ရိုဒရီဂို အနိုင်ရရှိခဲ့ခြင်းသည် နိုင်ငံအတွင်း ဆယ်စုနှစ်နှစ်ခုကြာ လက်ဝဲဝါဒီများ အုပ်ချုပ်ခဲ့ခြင်းကို အဆုံးသတ်စေခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့ကြောင်း သိရသည်။ ရိုဒရီဂိုသည် ဆန္ဒမဲများ၏ ၅၄ ဒသမ ၅၃ ရာခိုင်နှုန်းကို ရရှိခဲ့ကာ သမ္မတဟောင်း တူတိုကွီရိုဂါက ၄၅ ဒသမ ၄၄ ရာခိုင်နှုန်း ရရှိခဲ့သည်။
ရိုဒရီဂိုသည်ငါးနှစ်ကြာသက်တမ်းရှိသည့် သမ္မတရာထူးတာဝန်ကို နိုဝင်ဘာ ၈ ရက်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
နိုင်ငံအတွင်း စီးပွားရေးကျဆင်းခြင်း၊ ဘဏ္ဍာရေးလိုငွေပြခြင်းနှင့် နိုင်ငံခြား သုံးငွေလျော့နည်းခြင်း အပါအဝင် လောင်စာဆီရှားပါးခြင်းတို့ကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


