ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၁) အဖြစ် နိုဝင်ဘာ   ၂၂   ရက်  ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့်  အမှတ်ပေးဇယားဦးဆောင်သူ  ဘိုင်ယန်မြူးနစ်နှင့် ဖရိုင်းဘတ်အသင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်ခြေစွမ်းပြကာ  ခြောက်ဂိုး- နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။  

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၁) အပြီးတွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိဘဲ ၁၀ ပွဲအထိ နိုင်ပွဲရရှိကာ တစ်ပွဲသာ  သရေကျထားပြီး   ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည့် လေဗာကူဆင်အသင်းကို  ရှစ်မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းမှ မိုက်ကယ်အိုလစ်  အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် အားထားရသည့် တိုက်စစ်ကစားသမား ဟာရီကိန်းက ယခုနှစ်ရာသီ ဘွန်ဒက်စ်လီဂါ ၁၄ ဂိုးမြောက်ကို သွင်း ယူနိုင်ခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင် အော့စ်ဘတ်က ဟမ်းဘာဂါကို တစ်ဂိုး-ဂိုးမရှိ၊ မိုချန်ဂလာဘတ်ချ်က ဟိုင်ဒင်ဟိမ်းကို သုံးဂိုး-ဂိုးမရှိ၊ လေဗာကူဆင်က ဝုဖ်ဘတ်ကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး မိန့်ဇ်နှင့် ဟော်ဖန်ဟိန်းအသင်း ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

မိုးဇက်