ဘလက် စက်တင်ဘာ ၂
ဆလိုဘေးနီးယားနိုင်ငံ၏ အကျော်ကြားဆုံး နိုင်ငံခြားရေးမူဝါဒဆွေးနွေးပွဲဖြစ်သည့် ဘလက်မဟာဗျူဟာဖိုရမ်တွင် ဂါဇာငြိမ်းချမ်းရေးအတွက် တိုက်တွန်းခဲ့ကြသည်။ ဆလိုဘေးနီးယားနိုင်ငံ ဘလက်မြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသော အဆိုပါဖိုရမ်သို့ ဥရောပ ကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကိုစတာ၊ ဆလိုဘေးနီးယားသမ္မတ နာတာဆာပရစ်မူဆာနှင့် ဆလိုဘေးနီးယားနိုင်ငံခြားရေးဝန်ကြီး တန်ဂျာဖာဂျွန်သို့ တက်ရောက်ကြသည်။
ဂါဇာအပစ်အခတ်ရပ်စဲရေးသည် အရေးတကြီးဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ဓားစာခံများ ပြန်လည်လွတ်မြောက် ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လျင်မြန်စွာ စီးဆင်းရမည်ဖြစ်ကြောင်း ဖာဂျွန်က ပြောကြားခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုများနှင့် ငတ်မွတ်ခေါင်းပါးမှုများကြောင့် ဂါဇာရှိနေ့ရက်တိုင်းသည် စိတ်ကူးထား သည်ထက်ပင် ပိုဆိုးနေသည်ဟု ဖာဂျွန်က ပြောသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရားမျှတမှု လိုအပ်ပြီး နှစ်နိုင်ငံအဖြေသည် ရှေ့ဆက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အန်တိုနီယိုကိုစတာက ဂါဇာအပစ်အခတ်ရပ်စဲရေးကို ချက်ချင်းတောင်းဆိုလိုက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ တရားမဝင် ဝင်ရောက်နေထိုင်ခွင့်ကို တားဆီးရေးနှင့် နှစ်နိုင်ငံအဖြေရရှိစေမည့် နိုင်ငံတကာ ကတိကဝတ်များကိုလည်း အသစ်တစ်ဖန် တောင်းဆိုလိုက်သည်။
ဆင်ဟွာ


