စက်တင်ဘာ ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်နေ့သည် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှု ၁၂ ဦး ရှိရာ သေဆုံးမှုအများဆုံးနေ့တစ်နေ့ဖြစ်လာကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။
ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုအများဆုံးနေ့ဖြစ်လာပြီး သေဆုံးသူ ၁၇၉ ဦး အထိ ရှိလာကြောင်း ဒီဂျီအိတ်ချ်အက်စ်က ဖော်ပြထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၄၀ ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၄၁၈၃၁ ဦး ရှိလာပြီး နိုင်ငံတစ်ဝန်းရှိဒေသများတွင် ခြင်မှကူးစက်သော ရောဂါဖြစ်ပွားမှုများမြင့်တက်လာသည်ဟု သိရသည်။
ခြင်မှကူးသောရောဂါများဖြစ်ပွားနိုင်ခြေမြင့်မားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံကာလသည် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားသောရာသီဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


