နိုဝင်ဘာ ၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂၈၂၂ ဦး ရှိလာပြီး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၂၈၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၄၇ ဦး ရှိပြီး သေဆုံးသူ ငါးဦးရှိသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် ယခုအခါ မုတ်သုံရာသီကာလဖြစ်သည့် ဇွန်လမှ စက်တင်ဘာလအထိ ပုံမှန်ကာလထက် ကျော်လွန်ကာ ရောဂါဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို