အောက်တိုဘာ ၂၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၆၄၂၃ ဦး ရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၂၆၉ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောကြားသည်။
နိုင်ငံအတွင်း ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၈၃ ဦး တွေ့ရှိပြီး သေဆုံးသူ ခြောက်ဦးရှိကြောင်း ဖော်ပြထားသည်။
အောက်တိုဘာလ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၉၀၈၁ ဦးရှိပြီး စက်တင်ဘာလက ယင်းရောဂါဖြစ်ပွားသူ ၁၅၈၆၆ ဦး ရှိသည်ဟု သိရသည်။ ထိုရောဂါကြောင့် အောက်တိုဘာလအတွင်း သေဆုံးသူ ၇၁ ဦးရှိပြီး စက်တင်ဘာလက ယင်းရောဂါဖြင့် သေဆုံးသူ ၇၆ ဦး ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ပုံမှန်အားဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၌ မုတ်သုန်ရာသီအစပြုရာ ဇွန်လမှ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ယခုအခါတွင်မူ ယင်းကာလထက်ကျော်လွန်၍ ကူးစက်မှုဖြစ်ပွားလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


