နိုဝင်ဘာ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်က သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးသူ ၁၀ ဦးရှိရာ ၂၀၂၅ ခုနှစ်အတွင်း ယင်းရောဂါဖြင့် သေဆုံးမှုအမြင့်မားဆုံးနေ့အဖြစ်စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေး ဝန်ဆောင်မှုဦးစီးဌာနက ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၆၉ ဦး ရှိကာ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၄၉၉၂ ဦး ရှိလာပြီး သေဆုံးသူပေါင်း ၃၀၂ ဦး ရှိကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါ ထပ်မံပျံ့နှံ့မှုကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးအာဏာပိုင်များသည် ခြင်ပေါက်ပွားမှုကို စစ်ဆေးရန်နှင့် ပိုးလောင်းနှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အစီအမံများ တင်းကြပ်ထားသည်ဟု သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါသည် ပုံမှန်အားဖြင့် မုတ်သုန်ရာသီအစပြုရာ ဇွန်လမှ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ယခုအခါတွင်မူ ယင်းကာလထက်ကျော်လွန်ကာ ကူးစက်မှုဖြစ်ပွားလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


