ဘန်လေအသင်းက ကွန်ပနီကို နည်းပြအဖြစ်ခန့်အပ်တော့မည်

ဇွန် ၁၀၊ ၂၀၂၂

ဘန်လေအသင်းဟာ      မန်စီးတီး အသင်းရဲ့  နောက်တန်းကစားသမား ဟောင်းတစ်ဦးဖြစ်တဲ့ ကွန်ပနီကို အသင်း နည်းပြအဖြစ်    လာမယ့်သီတင်းပတ် အတွင်းမှာ ခန့်အပ်သွားဖို့ မျှော်လင့်ထားပါ တယ်။  ဒါကြောင့်  ကရေ့ဘယ်လာမီ ကလည်း ကွန်ပနီရဲ့ လက်ထောက်နည်းပြ ဖြစ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ကွန်ပနီကို နည်းပြဆီယန်ဒိုက်ချ်ရဲ့    နေရာမှာ အစားထိုးဖို့  ဘန်လေအသင်းက  စီစဉ်ခဲ့ တာလည်းဖြစ်ပါတယ်။ ဘန်လေအသင်း ဟာ ပရီမီယာလိဂ်ပြိုင်ပွဲမှာ ခြောက်နှစ် ကြာ ကစားခဲ့ပြီးနောက်  ယခုဘောလုံး ရာသီကုန်မှာတော့ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းခဲ့ရတဲ့အသင်း လည်းဖြစ်ပါတယ်။

ငွေကြယ်