၈ နိုဝင်ဘာ

ဘရာဇီးရဲတပ်ဖွဲ့က မကြာမီကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲများနှင့် ဆက်စပ်ပြီး သေဆုံးသူ အရေအတွက် များပြားလာကြောင်း ပြောကြားသည်။

 

ရဲတပ်ဖွဲ့တာဝန်ရှိသူများက အောက်တိုဘာလကုန်ပိုင်းက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အပါအဝင် လူပေါင်း ၈၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲနှင့် ဆက်စပ်သော သေဆုံးမှုများသည် စက်တင်ဘာလက စတင်ကာ များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းသေဆုံးသူများအနက် အချို့မှာ လက်ရှိမြို့တော်ဝန်များနှင့် အခြားသောသူများကို အကျင့်ပျက်ချစားမှုဖြင့် စွပ်စွဲခဲ့သော ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတို့ကြောင့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ကို အဓိကအားဖြင့် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ကြသည်။

 

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်ရာပါတီများအား တည်ငြိမ်အေးဆေးစွာ ပြုမူဆောင်ရွက်ကြရန် ရဲတပ်ဖွဲ့က သတိပေးပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို