ဘုန်းမောက်အသင်းသည် ဆားဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်အသင်းမှ ဆားဘီးယားခံစစ် ကစားသမား ဗယ်လ်ကိုမီလိုဆာဗလက်ဗစ်ချ်ကို ပေါင် ၁၃ သန်းဖြင့်  ခေါ်ယူလိုက်ပြီဖြစ်သည်။ ထို့အပြင် ဘုန်းမောက်အသင်းသည် အေစီမီလန်အသင်းမှ ဗဟိုခံစစ်ကစားသမား အဲလက်စ် ဂျီမီနက်ဇ်ကိုလည်း အငှားဖြင့်  ခေါ်ယူလိုက်ကြောင်း  သိရသည်။       

အသက်  ၁၈  နှစ်အရွယ်  မီလိုဆာဗလက်ဗစ်ချ်သည် ဘုန်းမောက်အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ရေးထိုးသွားမည်ဖြစ်သည်။

အသက် ၂၀ အရွယ် စပိန်လူငယ်ကစားသမားသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ၁၈ ပွဲ ပွဲထွက် ကစားခွင့်ရရှိပါက ပြောင်းရွှေ့ကြေး ပေါင် ၁၆ ဒသမ ၅ သန်းဖြင့် အမြဲတမ်းပြောင်းရွှေ့ခွင့်ရရှိမည် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် လာမည့်စက်တင်ဘာ ၁၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင်  ဘုန်းမောက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိဖွယ်ရှိသည်။

မိုးဇက် - စုစည်းရေးသားသည်