၁၄ ဖေဖော်ဝါရီ
ညီလင်းတည် ဘာသာပြန်ဆိုရေးသားသည့် ဘဝသင်ခန်းစာ လမ်းòန်စကား များစာအုပ် ထွက်ရှိလာသည်။
ကျွန်တော်တို့သည် နေ့စဉ်ဘဝ လူနေမှုကိစ္စများစွာဖြင့် အနားမရနိုင်သည့်ခေတ်ကြီးတွင် ဘဝအကြောင်း၊ လူသားအကြောင်း၊ ချစ်ခြင်းမေတ္တာအကြောင်းအစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်သည့် အဆိုစကားများကို စုစည်းရွေးချယ်ပြန်ဆိုထားသည်။ တစ်ခါတစ်ရံ မိမဘဝတွင် ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်ခဲ့မှန်းတောင် မသိတော့သည့်အချိန်၊ အမှန် အမှားတောင် မကွဲပြားနိုင်တော့သည့် အချိန်တွေ၊ စိတ်ထိခိုက်နာကျင်ရသည့် အချိန်တွေရောက်လာတတ်သည်။ ထိုအချိန်တွင် စိတ်အားမလျှော့ဘဲ ဘဝကိုမျှော်လင့်ချက်၊ ယုံကြည်ချက်များနှင့် ရင့်ကျက်ကြီးပြင်းကာ ရှေ့ဆက်နိုင်ဖို့အတွက် ယင်းစာအုပ်ပါ အဆိုစကားလေးများမှ စာဖတ်သူအား အသိတစ်စုံတစ်ရာပေးစွမ်းနိုင်မည်ဖြစ်သည်။
ကြေးမုံ စာအုပ်စင်


