နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E.Mr.Aleksandr Lukashenko နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးသန်းဆွေ၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ မာရဝိဇယဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ အောင်မြေနေရာတွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဂန္ဓကုဋိတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ ဂန္ဓကုဋိ တိုက် အဆောင်အမှတ်(၂)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း သမိုင်းမှတ်တမ်းနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုသမိုင်းမှတ်တမ်းတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတို့သည် သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ထိုး၍ ကုသိုလ်ပြုကြသည်။
ဆက်လက်၍ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး အာရုံခံတန်ဆောင်းမှန်ဆောင်၌ ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး သမိုင်းမှတ်တမ်းစာအုပ် (အင်္ဂလိပ်၊ မြန်မာ)နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ ခရီးစဉ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတို့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ပေးအပ်သည်။
ပို့ဆောင်နှုတ်ဆက်
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်တော်အတွင်းမှ ပြန်လည်ထွက်ခွာရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ မာရဝိဇယဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်


