ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက  ဗီလာရီးယဲလ်အသင်းကို အနိုင်ရပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ   ရီးယဲလ်မက်ဒရစ်အသင်းက ဗီလာရီးယဲလ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ဗီနီစီးယပ်ဂျူနီယာက နှစ်ဂိုး၊ အမ်ဘတ်ပီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို မီကောက်တက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ဗီလာရီးယဲလ်အသင်းဟာ  ချေပဂိုးထပ်မံရရှိရေး ကြိုးပမ်းရင်းပွဲကစားချိန် ၇၇ မိနစ်မှာ မူရင်ဟို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဗီလာရီးယဲလ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် စပိန်လာလီဂါပွဲစဉ် ရှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ၂၁  မှတ်နဲ့  အမှတ်ပေးဇယားထိပ်ဆုံးမှာ  ဦးဆောင်နိုင်ခဲ့ပြီး ဗီလာရီးယဲလ်အသင်းကတော့ အမှတ်ပေးဇယား   အဆင့်(၃)နေရာမှာ  ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်