ဟနွိုင်း    နိုဝင်ဘာ    ၂၆

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် လောင်စာသုံးဆိုင်ကယ်လက်ဝယ်ရှိသူများအား လျှပ်စစ်ဆိုင်ကယ်ပြောင်းလဲဝယ်ယူပါက ဆုကြေးပေးသည့်အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်တွင် ဒေသခံများနှင့် ဟနွိုင်းတွင် နှစ်နှစ်ကြာနေထိုင်ခဲ့သူများ ပါဝင်မည်ဖြစ်သည်။  ဒေသခံများအနေဖြင့် ဒေါင် ၁၀ သန်းတန် လျှပ်စစ်ဆိုင်ကယ်တစ်စီးဝယ်ယူပါက ဗီယက်နမ်ဒေါင် ငါးသန်းကို ပံ့ပိုးပေးမည်ဖြစ်သည်။

ဒေသခံတစ်ဦးချင်းစီအနေဖြင့် လျှပ်စစ်ဆိုင်ကယ်တစ်စီးဝယ်ယူသည့်အတွက် ၂၀၃၁ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပံ့ပိုးငွေခံစားခွင့်ရှိသည်။ လျှပ်စစ်ဆိုင်ကယ်များအတွက် ယာဉ်မှတ်ပုံတင်ခနှင့် နံပါတ်ပြား တပ်ဆင်ခတို့ကို ၅၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးမည် ဖြစ်သည်။

ဟနွိုင်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင်မှစတင်၍ ဓာတ်ငွေ့သုံးဆိုင်ကယ်များကို ပိတ်ပင်မည်ဖြစ်ကာ   ရုပ်ကြွင်းလောင်စာသုံးယာဉ်များကို   ၂၀၃၀ ခုနှစ်တွင်   ပိတ်ပင်မည်ဖြစ်သည်။                                       

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ