ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန်ရေဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ​​​​​​​ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံရှိခဲ့

ဟနွိုင်း၊ ဧပြီ ၂

ပြီးခဲ့သည့်ဆယ်နှစ်တာကာလအတွင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန်ရေဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံရှိခဲ့ကြောင်း ဗီယက်နမ် ရေအရင်းအမြစ်အင်စတီကျုက ပြောကြားသည်။

လာမည့် ၂၀၃၀၊ ၂၀၄၀ နှင့် ၂၀၅၀ ပြည့်နှစ်များတွင် ဆားငန်ရေဝင်ရောက်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ဒေါင် ၇၆ ဒသမ ၄၈၅ ထရီလီယံအထိ ရောက်ရှိလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အသီးအနှံ၊ ဆန်စပါးနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဗီယက်နမ်ဒေါင် ၇၀ ဒသမ ၁၆၈ ထရီလီယံ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ကာလအတွင်း ဆားငန်ရေဝင်ရောက်မှုကြောင့် ဒေသအများအပြားရှိ နေအိမ်နှင့် စိုက်ပျိုးရေး သုံးရေများ လျော့နည်းလာနိုင်ကြောင်း အမျိုးသားမိုးလေဝသစင်တာက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ