နိုဝင်ဘာ ၁၇

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းခန်ရှ်ဟိုအာပြည်နယ်တွင် မြေပြိုမှုတစ်ခုအတွင်း ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြေမြှုပ်သွားသဖြင့် လူခြာက်ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနေ့စဉ်သတင်းစာ Tuoi Tre တွင် ယနေ့ ဖော်ပြခဲ့သည်။

 အဆိုပါဘတ်စ်ကားပေါ်တွင် ခရီးသည်ဦးရေ ၄၀ လိုက်ပါလာကြောင်း၊ ထိုဘတ်စ်ကားသည် Khanh Le Pass ကိုဖြတ်သန်းမောင်းနှင်နေစဉ် တောင်စောင်းမှ ပြုတ်ကျလာသော မြေကြီးများနှင့် ကျောက်တုံးများ ရုတ်တရက် ထိမှန်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ခြောက်ဦးတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်ပြီး ဒေသခံဆေးရုံတွင် ဒဏ်ရာရရှိသူ ၁၉ ဦး ကုသမှုခံယူလျက်ရှိကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများအနက်အများစုသည် ဦးခေါင်း၊ လည်ပင်း၊ ကျောရိုးနှင့် ဝမ်းဗိုက်ဒဏ်ရာများအပြင် လက်နှင့်ခြေထောက်များကျိုးခြင်းတို့ ထိခိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို