စက်တင်ဘာ ၂၆

ဗီယက်နမ်နိုင်ငံတွင် တပ်ဆင်ပြီးမော်တော်ကားများ၏သွင်းကုန်တန်ဖိုးသည် ယခုနှစ်ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂ ဘီလီယံ စံချိန်တင်မြင့်မားခဲ့သည်ဟူသော ဗီယက်နမ်အကောက်ခွန်ဌာန၏အချက်အလက်များကို ကိုးကားပြီး နန်ဒန်နေ့စဉ်သတင်းစာက ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း အလုံးစုံတပ်ဆင်ထားသော မော်တော်ကားအစီးရေ ၁၃၇၈၂၁ စီး တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်ခုံကိုးခုံအောက်နည်းသော မော်တော်ကား အစီးရေ ၁၀၄၀၀၀ ကျော်ဖြင့် ရှယ်ယာအများဆုံးအဖြစ် ဆက်လက်ရပ်တည်လျက်ရှိရာ ယခင်နှစ်ကထက် ၁၉ ဒသမ ၆ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။

ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသည်တင်ယာဉ်များ တင်သွင်းမှု ၉၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယာဉ်အစီးရေ ၁၇၇၅၆ စီးရှိသည်။

ဩဂုတ်လတစ်လတည်းမှာပင် ဒေါ်လာ ၃၆၃ သန်းတန်ဖိုးရှိ အလုံးစုံတပ်ဆင်ထားသော မော်တော်ကား ၁၆၂၇၄ စီး တင်သွင်းခဲ့သည်။

အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံသို့ မော်တော်ယာဉ်တင်သွင်းမှု အများဆုံးနိုင်ငံများဖြစ်သည်ဟု အကောက်ခွန်ဌာန၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို