ဟနွိုင်း စက်တင်ဘာ ၃၀

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီလက်ထရွန်နစ် ပစ္စည်းတင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက စက်တင်ဘာ ၃၀ ရက်တွင် အစီရင်ခံဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်တွင် အီလက်ထရွန်နစ်ပစ္စည်းတင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်ပထမရှစ်လအတွင်း ကွန်ပျူတာ၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် ယင်းပစ္စည်းအစိတ်အပိုင်း   တင်ပို့မှုများမှ   အမေရိကန်ဒေါ်လာ ၅၆  ဒသမ   ၇ ဘီလီယံ ရရှိခဲ့သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်အမျိုးအစား ဖြစ်လာခဲ့သည်။

သို့သော်လည်း ထိပ်တန်းထောက်ပံ့သူ ၉၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီများဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများက အစိတ်အပိုင်းများကို စုစည်းတပ်ဆင်သည့်အဆင့်တွင်ပင် အဓိကပါဝင်နေသောကြောင့် စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။                                             

ဆင်ဟွာ