ဟနွိုင်း နိုဝင်ဘာ ၁၇

ဗီယက်နမ်အစိုးရသည် ၂၀၂၇ ခုနှစ်မှစတင်ကာ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများနှင့် အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက်  ဆေးရုံစရိတ်ကင်းလွတ်ခွင့်ပြုရေးနှင့်   ပတ်သက်ပြီး အမျိုးသားလွှတ်တော် (အင်န်အေ) သို့ အဆိုပြုတင်သွင်းထားကြောင်း နေ့စဉ်သတင်းစာ Thanh Nien တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီး ဒေါင်ဟုန်းလန်းက နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်သော (၁၅)ကြိမ်မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဆိုပါ အဆိုပြုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဗီယက်နမ်အစိုးရသည် နိုင်ငံသားများအနေဖြင့် ၂၀၂၆ ခုနှစ်မှစတင်ကာ နှစ်စဉ် အနည်းဆုံး တစ်ကြိမ် အခမဲ့ကျန်းမာရေးစစ်ဆေးမှုရရှိရေးနှင့် ပတ်သက်၍လည်း တင်သွင်းထားသည်။

အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးမှုများအတွက် ရန်ပုံငွေကို ကျန်းမာရေးအာမခံရန်ပုံငွေနှင့် နိုင်ငံတော်ဘတ်ဂျက်မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                       

ဆင်ဟွာ