ဟနွိုင်း   ဒီဇင်ဘာ   ၈

ယခုနှစ်  ပထမ  ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုမှ   ဒေါ်လာ  ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့်   ဟင်းခတ်အမွှေးအကြိုင်အသင်း၏   ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကာလအတွင်း ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းနက်  တန်ချိန် ၁၉၂၈၉၉ တန်နှင့် ငရုတ်ကောင်းဖြူ တန်ချိန် ၃၂၁၁၀ အပါအဝင် ငရုတ်ကောင်းတန်ချိန် ၂၂၅၀၀၉   တန်ကို   တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းနက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၅ ဘီလီယံခန့်နှင့် ငရုတ်ကောင်းဖြူတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော် ဝင်ငွေရရှိကြောင်း  သိရသည်။

အမေရိကန်သည်    ငရုတ်ကောင်း တန်ချိန် ၄၈၈၄၉ တန် သို့မဟုတ်    စုစုပေါင်းတင်ပို့မှု၏    ၂၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်ငရုတ်ကောင်းအတွက် အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ