ဟနွိုင်း    အောက်တိုဘာ     ၂၇

ဗီယက်နမ်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာ  ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန် မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။

ဉာဏ်ရည်တုနည်းပညာ  စီမံခန့်ခွဲမှုနှင့်  ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ချ၊ ယုံကြည်ရမှုနှင့်  တာဝန်ယူမှုများကို မြှင့်တင်ခြင်းဖြင့်    ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဉာဏ်ရည်တု  နည်းပညာဂေဟစနစ်ကို  လူသားအခြေခံသည့်  လွတ်လပ်လုံခြုံပြီး  စဉ်ဆက်မပြတ်သည့် ဂေဟစနစ်ဖြစ်လာစေရေးအတွက် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံတကာဒစ်ဂျစ်တယ်သီတင်းပတ်တွင် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ငုယင်မန်ဟန်းက ပြောကြားသည်။ စဉ်ဆက်မပြတ်သည့် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ခိုင်မာသည့် ဉာဏ်ရည်တုဆိုင်ရာ လုပ်ငန်းမူဘောင်၊  ခေတ်မီ  အခြေခံအဆောက်အအုံ၊ ဉာဏ်ရည်တု နည်းပညာစွမ်းရည်နှင့် ဉာဏ်ရည်တုနည်းပညာ ယဉ်ကျေးမှုတို့ကို အခြေခံဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗီယက်နမ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်ဖြစ်ကာ ပွင့်လင်းမြင်သာမှုရှိသည့် ဉာဏ်ရည်တုနည်းပညာကဏ္ဍကို   တည်ထောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဗီယက်နမ်နိုင်ငံတကာ ဒစ်ဂျစ်တယ်သီတင်းပတ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် တာဝန်ယူမှုရှိသည့်  ဉာဏ်ရည်တုနည်းပညာ စီမံခန့်ခွဲရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက်  မူဝါဒနှင့်လုပ်ငန်းမူဘောင်များ ချမှတ်ခဲ့သည်။       

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ