နိုဝင်ဘာ ၁၀
ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်မုန်တိုင်းခန့်မေဂီတိုက်ခတ်ခဲ့ပြီး ၎င်း၏နောက်ဆက်တွဲ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ဗီယက်နမ်ဒေါင် ၇ ဒသမ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၆ ဒသမ ၅ သန်းခန့်) တန်ဖိုး ဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကိုကိုးကား၍ ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။
နိုင်ငံအလယ်ပိုင်း ဂျာလိုင်ပြည်နယ်သည် အဆိုးရွားဆုံး ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ဗီယက်နမ်ဒေါင် ၅ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၆ သန်းခန့်) ပျက်စီးဆုံးရှုံးမှုများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၅ နာရီအထိ လှေ ၁၇၉ စင်း နစ်မြုပ် သို့မဟုတ် ပျက်စီးဆုံးရှုံးကာ အိမ်ခြေ ၂၃၀၀ ကျော် ပြိုကျခဲ့ပြီး အခြား ၅၇၅၀၀ ခန့် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ငါးမွေးမြူရေးခြံ စုစုပေါင်း ၅၄၂၈၅ ခု ထိခိုက်ခဲ့ပြီး နွား ၁၅၃ ကောင်နှင့် ကြက်ငှက် ၄၅၅၃ ကောင် သေဆုံး သို့မဟုတ် ရေစီးဖြင့်မျောပါသွားခဲ့သည်ဟုအာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


