စက်တင်ဘာ ၅

ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသား ၂၆ သန်းခန့်သည် ဆရာ ၁.၆ သန်းနှင့်အတူ ယနေ့တွင် ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သည့် အခမ်းအနားကို ပညာရေးနှင့် လေ့ကျင့်ရေး ဝန်ကြီးဌာနက ကျင်းပခဲ့ရာ ပညာရေး အဖွဲ့အစည်းပေါင်း ၅၂၀၀၀ ခန့်က အွန်လိုင်းမှ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး တိုလမ်က ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးအတွက် အဓိက ဦးတည်ချက်များကို အကြမ်းဖျင်းဖော်ပြခဲ့ပြီး စာသင်ကျောင်းများ၊ ကျောင်းအစားအစာများ၊ သင်ကြားရေးဝန်ထမ်းများနှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်နှင့် ကလေးတစ်ဦးမှမကျန်သွားစေရေး ရည်မှန်းချက်ကိုလည်း အလေးထားပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို