ဟနွိုင်း ဒီဇင်ဘာ ၂၂
ဗီယက်နမ်နိုင်ငံရှိ ဒစ်ဂျစ်တယ်နည်းပညာ စက်မှုလုပ်ငန်းမှ နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးဆိုင်ရာ ဝင်ငွေအဖြစ် ကန်ဒေါ်လာ ၄၁ ဘီလီယံကျော် ရှာဖွေပေးခဲ့ကြောင်း ဗွီအင်န်အီကောနောမီ သတင်းစာ၏ ဒီဇင်ဘာ ၂၂ ရက် သတင်းအရ သိရသည်။
ယခုနှစ်အတွက် ယင်းလုပ်ငန်းမှဝင်ငွေသည် ကန်ဒေါ်လာ ၁၉၈ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ရရှိခဲ့သည့် ဝင်ငွေထက် ၂၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ ပြည်ပတင်ပို့ခြင်းမှ ဝင်ငွေ ကန်ဒေါ်လာ ၁၇၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၃၅ ရာခိုင်နှုန်း တိုးတက်လာသည်။ နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်းအရေအတွက်မှာ ၈၀၀၅၂ ခုရှိပြီး ယင်းအရေအတွက်သည် ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


