ဟနွိုင်း ဒီဇင်ဘာ ၂၃
ဗီယက်နမ်နိုင်ငံရှိ ထုတ်ကုန်များအား ထုတ်လုပ်မှုရင်းမြစ် ခြေရာခံသည့်စနစ်ကို ဒီဇင်ဘာ ၂၃ ရက်က တရားဝင်စတင်ဆောင်ရွက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာနက ပြောကြားသည်။
ဈေးကွက်ဆိုင်ရာ ပွင့်လင်းမြင်သာရှိမှုနှင့် စားသုံးသူကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗီယက်နမ် အသံလွှင့်ဌာန ဗွိုက်စ်အော့ဖ် ဗီယက်နမ်၏ သတင်းအရ သိရသည်။ ယင်းစနစ် အရ ကုန်ပစ္စည်းဝယ်ယူသူများအနေဖြင့် ထုတ်ကုန်၏စစ်မှန်မှုကို ကျူအာကုတ်စနစ်ဖြင့် စစ်ဆေးနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းအတုအပများမှ ရှောင်ရှားနိုင်မည်ဖြစ်ကာ ကုန်ပစ္စည်းအမှတ်တံဆိပ်များ ခိုင်မာအားကောင်းစေရေးအတွက် အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။
ထုတ်လုပ်မှုရင်းမြစ် ခြေရာခံသည့်စနစ်အရ လုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်များ၏ ကုန်ကြမ်းရယူသည့်အရင်းအမြစ်၊ ထုတ်လုပ်မှုလုပ်ငန်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များအား ကြေညာထုတ်ပြန်ပေးရမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ဓာတုထုတ်ကုန်များ၊ ပေါက်ကွဲလွယ်သည့် စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် ဆေးလိပ်ဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုရင်း မြစ်ခြေရာခံသည့်စနစ်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းဈေးကွက်စောင့်ကြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တာဝန်ရှိသူ ထရမ်ဟူလင်က ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


